ကျနော်၊ကျွန်မတို့အကောင်းဆုံးကြိုးစားနေပါသည်
ဝန်ဆောင်မှုများ
ကုမ္ပဏီအကြောင်း
ယနေ့ မြန်မာနိုင်ငံမှာဆိုရင်ဖြင့်
သမိုင်းအမွေအနှစ်တစ်ခုဖြစ်သောဆံတော်ရှင်ကျိုက်ထီးရိုးဘုရားကြီးကိုဘုရားဖူးပြည်သူများဖူးမြော်နိုင်စေရန်ကျိုက်ထီးရိုးကေဘယ်ကားကုမ္ပဏီသည် ရည်မှန်းချက်အသစ်အနေဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ ကျိုက်ထီးရိုးဘုရားသည် မြန်မာနိုင်ငံ၏ အထင်ကရနေရာတွေထဲက တစ်ခုအပါအ၀င်ဖြစ်ပါသည်။ ကျွန်တော်တို့၏ ကျိုက်ထီးရိုးကေဘယ်ကားကုမ္ပဏီသည် ဘုရားဖူးမိဘပြည်သူများအားလုံးကိုကေဘယ်ကားစီးနင်းပြီးကျိုက်ထီးရိုးဘုရားပေါ်သို့ သွားရောက်စေနိုင်ရန် ၀န်ဆောင်မှုအပြည့်ဖြင့် နွေးနွေးထွေးထွေးကြိုဆိုလျက်ရှိပါသည်။ ကျွန်တော်တို့၏ကေဘယ်ကားကိုစီးနင်းရင်းသန့်ရှင်းလတ်ဆတ်သောလေကောင်းလေသန့်များ၊ သဘာဝတောတောင်ရေမြေအလှတရားများကို ခံစားပြီးကျိုက်ထီးရိုးဘုရားပေါ်သို့ သွားရောက်ဖူးမြော်နိုင်ပါသည်။ ခရီးသည်များ၏ လုံခြုံမှုကိုလည်း ကျွန်တော်တို့ ကုမ္ပဏီလီမိတက်တွင် လူ ၁၀ ယောက်နှင့် အထက် အလေးချိန်ညီမျှသော ၀န်များကို အစားထိုးတင်ဆောင် အကြို စမ်းသပ်လည်ပတ်ခဲ့ပါသည်။ ကျိုက်ထီးရိုးကေဘယ်ကားကိုလုံခြုံစိတ်ချစွာစီးနင်းရင်းလတ်ဆက်သောလေနှင့် တောင်ပေါ်မြင်ကွင်းကျယ်များကို ကြည့်ရှုခံစားရင်းကျိုက်ထီးရိုးတောင်ပေါ်သို့ သွားရောက်လိုက်ပါ။ ကျိုက်ထီးရိုးကေဘယ်ကားစီးရင်းပျော်ရွှင်စရာအချိန်များကို ဖြတ်သန်းလိုက်ပါ။
ဝန်ဆောင်မှုများ
- Cable Car လာရောက်စီးနင်းသူများ၏ လုံခြုံရေး နှင့် အန္တရယ်ကင်းရှင်းစေရန် အမြဲဂရုစိုက်ပေးလျက်ရှိပါသည်။
- IKBZ နှင့် ချိတ်ဆက်ရ်ျ ခရီးသွားပြည်သူများ၏ Cable Car လက်မှတ်များတွင် အသက်အာမခံကြေးပါထည့်သွင်းပေးထားပါသည်။
- လက်မှတ်ဝယ်ခြင်းနှင့် Cable Car စီးနင်းခြင်းတို့တွင် ကျွန်တော်တို့၏ကျိုက်ထီးရိုး Cable Car ကုမ္ပဏီဝန်ထမ်းများသည် အမြဲတမ်းနွေးထွေး ပျူငှာစွာဖြင့် ကူညီပေးလျှက်ရှိပါသည်။
- ကေဘယ်ကားစီးနင်းမည့်ခရီးသည်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုဆေးပေးခန်း ထားရှိခြင်း။
- ရာသီဥတုနှင့် လေပြင်းများတိုက်ခိုက်မှုကြောင့် Cable လုံးသည် လှုပ်ရမ်းနိုင်ပါသည်။ Cable Car လည်ပတ်နေစဉ် ရုတ်တရက် လျှပ်စစ်ပျက်တောက်သွားပါက Cable Car ခေတ္တ ရပ်တန့်ပါလိမ့်မည်။ထို့ကြောင့် ကျွန်တော်တို့သည် Customer များလုံခြုံမှုရှိစေရန် ၀န်ဆောင်မှုပေးနေသောကြောင့် မိဘပြည်သူများအနေဖြင့် စိုးရိမ်စရာမရှိပါဘူးခင်ဗျာ။